အာဆင်နယ်အသင်းသည် ဂါနာလက်ရွေးစင် ကွင်းလယ်ကစားသမား ပါတေးကို သက်တမ်းတိုးရန် ဆွေးနွေးနေကြောင်း သိရသည်။ အသက် (၃၁) နှစ်အရွယ်ရှိ ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား ပါတေးသည် လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အာဆင်နယ်အသင်းသည် မူလက ပါတေးအား စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိသော်လည်း လက်ရှိအချိန်တွင် အသင်းအတွက် ခြေစွမ်းပြနေသည့်အတွက် သက်တမ်းတိုးရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ပါတေးကို လာမည့်ရာသီအတွက် တစ်နှစ်သက်တမ်းတိုးပြီး ခြေစွမ်းနှင့် ကြံ့ခိုင်မှုအပေါ် မူတည်၍ နောက်ထပ်တစ်နှစ်သက်တမ်းတိုးရန် ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။
Apr 26 • 2:34 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


