ချယ်လ်ဆီးအသင်းမှ အေစီမီလန်အသင်းသို့ အငှားသွားရောက်ကစားနေသည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ခေါ်ယူရန် စိတ်ဝင်စားသည့် အသင်းများစွာရှိနေကြောင်း သိရသည်။ ဂျော်အိုဖေးလစ်(၂၅ နှစ်)သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အေစီမီလန်သို့ အငှားချခံခဲ့ရခြင်းဖြစ်သည်။၎င်းသည် အေစီမီလန်အသင်းတွင်လည်း ပုံမှန်ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၅) ပွဲတွင် (၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီတွင် ၎င်းအား အပြီးသတ်ရောင်းထုတ်ရန် စီစဉ်နေကြောင်း သတင်းထွက်နေသည်။လက်ရှိတွင် ဂျော်အိုဖေးလစ်အား ခေါ်ယူရန် ဝုလ်ဗ်၊ ဝက်စ်ဟမ်း၊ ဘင်ဖီကာနှင့် ဘက်တစ်အသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။
Apr 26 • 2:33 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


