back

ဂျပန်အရှေ့မြောက်ပိုင်းက မြို့မှာ ဝန်တင်လှည်းဆွဲမြင်း အပြေးပြိုင်ပွဲ ကျင်းပ

Apr 25 • 4:08 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်အရှေ့မြောက်ပိုင်းက မြို့မှာ ဝန်တင်လှည်းဆွဲမြင်း အပြေးပြိုင်ပွဲ ကျင်းပ

ဂျပန်အရှေ့မြောက်ပိုင်း Miyagi ခရိုင် Wakuya မြို့မှာ ကျင်းပတဲ့ မြင်းပြိုင်ပွဲမှာ ဝန်တင်လှည်းဆွဲမြင်းတွေဟာ သူတို့ရဲ့ ခွန်အားနဲ့ ပြေးနိုင်တဲ့ အရှိန်ကို အစွမ်းပြခဲ...

ဂျပန်အရှေ့မြောက်ပိုင်း Miyagi ခရိုင် Wakuya မြို့မှာ ကျင်းပတဲ့ မြင်းပြိုင်ပွဲမှာ ဝန်တင်လှည်းဆွဲမြင်းတွေဟာ သူတို့ရဲ့ ခွန်အားနဲ့ ပြေးနိုင်တဲ့ အရှိန်ကို အစွမ်းပြခဲ့ပါတယ်။ Tohoku ဒေသနဲ့ Hokkaido ခရိုင်က မြင်း ၁၅ ကောင်ဟာ အဲဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြို့ရဲ့ ချယ်ရီပန်းပွဲတော်နဲ့အတူ ကျင်းပခဲ့ပါတယ်။ မီတာ ၁၂၀ ရှည်လျားတဲ့ လမ်းကြောင်းတစ်လျှောက် ၁.၅ မီတာလောက် မြင့်တဲ့ အတားအဆီးတွေ ရှိပါတယ်။ မြင်းတွေဟာ အဆင့်သတ်မှတ်ချက်အပေါ် မူတည်ပြီး အလေးချိန်ကီလိုဂရမ် ၁၅၀ ကနေ ၉၀၀ အထိ ရှိတဲ့ သံနဲ့ ပြုလုပ်ထားတဲ့ စွတ်ဖားတွေကို ဆွဲကြကြောင်း သိရသည်။


news-view-count-icon

27