back

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် အလာဘာနှင့် ကာမာဗင်ဂါတို့ ပါဝင်နိုင်ရန် မလွယ်ကူကြောင်း အန်ဆယ်လော့တီ သုံးသပ်

Apr 25 • 4:01 PM

breaking-news

မြန်မာ

ပြည်ပ

cover

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် အလာဘာနှင့် ကာမာဗင်ဂါတို့ ပါဝင်နိုင်ရန် မလွယ်ကူကြောင်း အန်ဆယ်လော့တီ သုံးသပ်

ဂီတာဖေးအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် အလာဘာနှင့် ကာမာဗင်ဂါတို့သည် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ပါဝင်နိုင်ရန်မလွယ်ကူကြောင်း ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ...

ဂီတာဖေးအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် အလာဘာနှင့် ကာမာဗင်ဂါတို့သည် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ပါဝင်နိုင်ရန်မလွယ်ကူကြောင်း ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက သုံးသပ်ပြောကြားခဲ့သည်။ ဧပြီ (၂၃) ရက်က ဂီတာဖေးအသင်းအား အဝေးကွင်း၌ အနိုင်ရသည့် လာလီဂါပွဲစဉ်တွင် ရီးယဲလ်ကစားသမားများဖြစ်သည့် အလာဘာနှင့် ကာမာဗင်ဂါတို့နှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် အန်ဆယ်လော့တီက "ကျွန်တော်တို့ ကြည့်ကြတာပေါ့။ သူ (ကာမာဗင်ဂါ) နဲ့ အလာဘာက နှစ်ယောက်စလုံး ကြွက်သားဒဏ်ရာ ရရှိခဲ့တာပါ။ စနေနေ့အတွက် ပြန်ကောင်းလာဖို့ ခက်ခဲမှာပါ"ဟု ပြောကြားခဲ့သည်။ 



news-view-count-icon

25