လက်စတာနည်းပြ နစ္စတယ်ရွိုင်းက အသင်းခေါင်းဆောင် ဝါရင့်တိုက်စစ်မှူး ဗာဒီထံမှ များစွာသင်ယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။ အသက် (၃၈)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဗာဒီသည် လက်စတာအသင်း လိဂ်ချန်ပီယံရှစ်တွင် ရှိစဉ်ကတည်းက အသင်းနှင့် လက်တွဲခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရချိန်တွင်လည်း လိုက်ပါကစားခဲ့သည်။ သို့သော် ယခုအခါ လက်စတာအသင်း လိဂ်ချန်ပီယံရှစ်သို့ ထပ်မံတန်းဆင်းရတော့မည့်အခြေအနေဖြစ်လာချိန်တွင်မူ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



