ရှန်ဟိုင်းကားပြပွဲကြီးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Xpeng စီအီးအို He Xiaopeng နှင့် ဥက္ကဋ္ဌ(President) Brian Gu တို့သည် ကုမ္ပဏီအား ကမ္ဘာအနှံ့ချဲ့ထွင်ပြီး ကုမ္ပဏီပိုင် ဉာဏ်ရည်တုစွမ်းရည်များ တည်ဆောက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ပြိုင်ဆိုင်မှုပြင်းထန်သော အီးဗီလုပ်ငန်းကဏ္ဍတွင် ဆက်လက် ရပ်တည်နိုင်သည့် လုပ်ငန်းအနည်းငယ်ထဲမှ တစ်ခုအဖြစ် Xpeng ပေါ်ထွက်လာမည်ဟု ပြောကြားသည်။ ထို့ပြင် ရိုဘိုတက္ကဆီများနှင့် လူတူစက်ရုပ်များကို တီထွင်ထုတ်လုပ်ရန် ရည်မှန်းထားသည်။ Xpeng သည် ကားပျံ အပါအဝင် နယ်ပယ်အသစ်များ ချဲ့ထွင်ရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည်။



