မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်းကြီး ဝိန်း ရွန်းနီက မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းဟာ လီဗာပူးလ် ဂန္တဝင်ကစားသမားဟောင်း စတီဗင် ဂျရတ်ထက် နည်းနည်းလေး ပိုသာတယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ ရွန်းနီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကအတွက် ကီဗင် ဒီဘရိုင်းရဲ့ ကြီးမားတဲ့ ပံ့ပိုးမှုတွေကို ချီးကျူးခဲ့ပြီး ဘယ်လ်ဂျီယံ ကွင်းလယ်ကြယ်ပွင့်ဟာ ဖန်တီးမှု အားသန်တဲ့ ကွင်းလယ်ကစားသမားဆိုတဲ့ အခန်းကဏ္ဍကို အဓိပ္ပာယ်အသစ် ဖွင့်ဆိုပေးခဲ့တယ်လို့ ဆိုပါတယ်။



