ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ငလျင်ကြောင့် ထိခိုက် သေဆုံး ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့ပြီး ယခုချိန်ထိ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ဧပြီလ(၂၅)ရက် ပအိုဝ်းလူငယ်အစည်းအရုံး Pa-O Youth Organization ထုတ်ပြန်ချက်အရ သိရသည်။ပင်လောင်းမြို့နယ်အတွင်း နေအိမ်ပျက်စီးမှုကြုံတွေ့နေရသူများ အကူအညီရရှိမှု နည်းပါးနေလျှက်ရှိပြီး ပျက်စီးမှုဆိုင်ရာ အချက်အလက်သည်လည်း မီဒီယာပေါ် ဖော်ပြနိုင်မှုအားနည်းနေကြောင်း ဖော်ပြထားသည်။ပင်လောင်းမြို့နယ်အတွင်း ငလျင်ဘေးကြောင့် လိုအပ်မှုသည် လတ်တလောလိုအပ်ချက်နှင့် ရေရှည်အတွက် လိုအပ်ချက် အကူအညီ လိုအပ်နေကြောင်း သိရသည်။



