ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကြီးမားသည့် ငလျင်ဒဏ်ကို ခံခဲ့ပြီး နွေရာသီ ရေခန်းခြောက်မှုကြောင့် ကမ်းစပ်ရှိကျေးရွာ တချို့ ပြန်လည်ထူထောင်ရေး သွားလာရခက်ခဲနေကြောင်း ဒေသခံတစ်ဦးမှပြောသည်။စက်လှေဖြင့် သွားရခက်ခဲသည့် ကမ်းစပ်ကျေးရွာတွင် အင်းလေးဒေသ အရှေ့ဘက်ခြမ်းရှိ သလဲဦး ၊ ပေပင်အင်း နှင့်အနောက်ခြမ်းရှိ ကြေးစားကုန်း၊ လင်းကင်း စသည့်ရွာများသည် ကုန်းလမ်းကနေ သွားလို့ ရသော်လည်း တချို့နေရာများက ကုန်းမကျ ရေမကျ နေရာဖြစ်၍ သွားရခက်ခဲကြောင်းသိရသည်။



