ရုရှားနိုင်ငံ၊ မော်စကိုဒေသ၊ ဗလာရှီခါမြို့တွင် ကားဗုံးပေါက်ကွဲမှုတစ်ခု ဧပြီလ ၂၅ ရက် ယနေ့ သောကြာနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုအတွင်း ရုရှားတပ်မတော်မှ ထိပ်တန်းအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။ ယင်းပေါက်ကွဲမှုသည် သံစများထည့်ထားသော လက်လုပ်ဗုံးတစ်လုံးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ကြောင်းလည်းစုံစမ်းရေးကော်မတီက ပြောကြားခဲ့သည်။



