စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့က နှစ်ရက်အတွင်း ရွှေတံဆိပ်လေးခု ဆွတ်ခူးခဲ့ပြီး ထို့အတူ ယနေ့ ဧပြီလ ၂၅ ရက်တွင် ယှဥ်ပြိုင်သည့်အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲတွင် မြန်မာတာလတ်အပြေးသမား ဟိန်းထက်အောင်မှ (၁:၅၀.၅၉)ဖြင့် ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ပြီး စံချိန်အားဖြင့် 32nd SEA Games ၏ ရွှေစံချိန် (၁:၅၂:၉၁) ထက် သာလွန် ကောင်းမွန်စွာ ဆွတ်ခူးရရှိခဲ့သဖြင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ချီးကျူးဂုဏ်ပြုထားသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် Singapore SportsHub ၌ ကျင်းပခဲ့သည့် (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် ဆုများရရှိခဲ့ခြင်း ဖြစ်သည်။



