back

ထိုင်းနိုင်ငံတွင် drift ဆွဲမောင်းသည့် BMW ယာဉ်မောင်းအား စွဲချက်တင်

Apr 25 • 1:08 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံတွင် drift ဆွဲမောင်းသည့် BMW ယာဉ်မောင်းအား စွဲချက်တင်

ဧပြီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့က မျက်မြင်သက်သေတစ်ဦး၏ TikTok အကောင့် lolono.re တွင် တင်ထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် အဖြူရောင် BMW Z4 တစ်စီးသည် ထိုင်းနိုင်ငံ၊ လုံခေါင်း...

ဧပြီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့က မျက်မြင်သက်သေတစ်ဦး၏ TikTok အကောင့် lolono.re တွင် တင်ထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် အဖြူရောင် BMW Z4 တစ်စီးသည် ထိုင်းနိုင်ငံ၊ လုံခေါင်းခရိုင်ရှိ လမ်းတစ်ခုပေါ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်လာကာ drift ဆွဲပြီး တောင်ပေါ်သို့တက်သွားသည်ကို တွေ့ရသည်။ ဧပြီလ ၂၅ ရက် သောကြာနေ့တွင် Lom Kao ရဲစခန်းမှူး Pol Col Theerasak Sarn Phusitsan က ရဲတပ်ဖွဲ့သည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ၎င်းကိုလျစ်လျူမရှုကြောင်း ပြောကြားခဲ့သည်။ ယာဉ်မောင်းမှာ နိုင်ငံခြားသားတစ်ဦးဟု ယူဆရပြီး အာဏာပိုင်များက အဆိုပါယာဉ်အား ဖော်ထုတ်တွေ့ရှိခဲ့ပြီး ယာဉ်မောင်းအား အရေးယူနိုင်ရန် ဆင့်ခေါ်မှုအား စောင့်ကြည့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။



news-view-count-icon

28