back

ထိုင်းရဲတပ်ဖွဲ့ လေယာဉ် စမ်းသပ်ပျံသန်းစဉ် ပျက်ကျ၍ ၆ ဦး သေဆုံး

Apr 25 • 1:06 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းရဲတပ်ဖွဲ့ လေယာဉ် စမ်းသပ်ပျံသန်းစဉ် ပျက်ကျ၍ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် အနားယူအပန်းဖြေမြို့တော်ဟွာဟင်း ကမ်းခြေအနီးမှာ ထိုင်း ရဲတပ်ဖွဲ့လေယာဉ်ငယ် တစ်စီးသည် စစ်ရေးလေ့ကျင့်မှုတွက် စမ်းသက်ပျံသန်းရာကနေ ယနေ့ ...

ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် အနားယူအပန်းဖြေမြို့တော်ဟွာဟင်း ကမ်းခြေအနီးမှာ ထိုင်း ရဲတပ်ဖွဲ့လေယာဉ်ငယ် တစ်စီးသည် စစ်ရေးလေ့ကျင့်မှုတွက် စမ်းသက်ပျံသန်းရာကနေ ယနေ့ ဧပြီလ ၂၅ ရက် နံနက်ပိုင်းမှာ ပျက်ကျသွားခဲ့သည်။ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး အခြား ရဲမှူးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားစဉ်အတွင်း သေဆုံးသွားပြီ ဖြစ်သည်။ အဆိုပါ လေယာဉ်သည် ပြေးလမ်းမှတက်ပြီးနောက် လေယာဉ်သည် မတည်မငြိမ်ဖြစ်ကာ လေယာဉ်မှူးမှ ထိန်းချုပ်နိုင်ရန် ကြိုးစားသော်လည်း ပင်လယ်အတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ သိရသည်။



news-view-count-icon

23