မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မုံရွာမြို့ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းတို့ပူးပေါင်းပြီး နွေရာသီ စာကြည့်တိုက်ဆိုင်ရာလှုပ်ရှားမှုအဖြစ် အသိပညာပေးဟော ပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီကအဆိုပါကျောင်းဝန်းအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



