စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန၌ ဒေါက်တာအောင်ထွန်းသက်ရေးသားသည့်ဟောပြောပွဲအတွေ့အကြုံစာအုပ်ပါ အကြောင်းအရာများ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။ ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိ ပညာပေးစာဖတ်ဝိုင်းများအပြင်ဌာဆိုင်ရာမှ တာဝန် ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ (Talk Show)များကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။



