အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို့၊ လမ်း၃၀၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြားရှိ Golden City ဟိုတယ်တွင် အဆောက်အအုံ ရှင်းလင်းမှုများ ပြုလုပ်နေလျက်ရှိရာ ယနေ့(ဧပြီ ၂၅ ရက်)က ရုပ်အလောင်းနှစ်လောင်းရှာဖွေ တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရန် ရုပ်အလောင်းသုံးလောင်းကျန်ရှိနေသေးကြောင်း ဒေသခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။



