မြန်မာနိုင်ငံ ဝပြည်နယ်၌ သတ္တုတူးဖော်ရေးပါမစ်ထုတ်ပေးရေးအတွက်ဆွေးနွေးရန် ဧပြီလ (၂၃)ရက်နေ့ကတွေ့ဆုံခဲ့ကြကြောင်း International Tin Association (ITA) က ပြောကြားခဲ့သည်။အဆိုပါအစည်းအဝေးကို သတ္တုရင်းနှီးမြှုပ်နှံသူများနှင့် သတ္တုတွင်းဗျူရိုမှခေါင်းဆောင်များတက်ရောက်ကြပြီး Manxiang ဒေသ၌ သတ္တုတူးဖော်ရန်လျှောက်ထားခြင်း၊ စုစည်းခြင်းနှင့်ခွင့်ပြုမိန့်များလျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။အစည်းအဝေးမှရရှိလာမည့်အလားအလာများသည် ဒေသတွင်း၌ နှစ်နှစ်နီးပါး သတ္တုတူးဖော်မှုပိတ်ပင်ထားခြင်းကို မကြာမီရုတ်သိမ်းနိုင်ခြေရှိမည်ဟု သတ္တုကုန်သည်များအကြား မျှော်လင့်ချက်များပြန်လည်မြင့်တက်လာစေခဲ့သည်။



