back

မန္တလေးတိုင်းဒေသကြီးတွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုးဖမ်းမိခဲ့

Apr 25 • 7:20 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီးတွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုးဖမ်းမိခဲ့

ဧပြီလ၂၂ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွဲတပ...

ဧပြီလ၂၂ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှတောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၆,၂၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ပလိပ်မြို့ Denkoဆီဆိုင်အနီး၌ မော်တော်ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိ သည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၉၉,၆၀၅)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ထုံးဘို ခုနစ်မိုင် ကတ္တားဂိတ်အနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၄၀၂,၅၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Win Myanmar Pickup တစ်စီး၊ Toyota Dyna Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်- မန္တလေးလမ်းဟောင်းကျောက်ဆည်မြို့ရှောင်လမ်း၌ လုပ်ငန်းသုံးပစ္စည်း ၁၉ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၉၈,၀၉၃,၇၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Shiegx Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၄,၈၃၅,၈၀၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

17