ဧပြီလ၂၂ရက်တွင်မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၈၃၈ တန်၊ အခြားသစ် ၂ ဒသမ ၆၄၁ တန်၊ မီးသွေး ၅ ဒသမ ၃၃၁ တန်၊ ရှားမျှောအလုံး ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၃၄,၂၃၃)ကို သစ်တောဥပဒေအရလည်းကောင်း၊ အောင်လံမြို့နယ် ကျွဲသေကျေးရွာအနီး၌ တရားဝင် သယ်ဆောင်ခွင့် အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် နွားအထီးလေးကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀) ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရလည်းကောင်း၊ မကွေးမြို့ မြို့အဝင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၃၄,၂၃၃ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။
မကွေးတိုင်းဒေသကြီးတွင် တရားမဝင်ကျွန်းသစ် ၁ ဒသမ ၈၃၈ တန်၊ အခြားသစ် ၂ ဒသမ ၆၄၁ တန်၊ မီးသွေး ၅ ဒသမ ၃၃၁ တန်၊ ရှားမျှောအလုံး ၅၀ခန့်ဖမ်းမိခဲ့
Apr 25 • 7:19 AM
မြန်မာ
မကွေး
မျှဝေမည်
| 16 | 0 | 0 | 0 |


