(၂၆၇) ဦးမြောက် ပုတ်ရဟန်းမင်းအဖြစ် မြန်မာကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်မောင်ဘို ( ၇၆ )နှစ် အရွေးအချယ်ခံရရန် ရေပန်းစားနေသည်။ (၂၆၆) ဦးမြောက် ကက်သလစ်ဂိုဏ်းချုပ် ပုတ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ (၂၁) ရက်တွင် ကွယ်လွန်သွားပြီဖြစ်သည်။ ၎င်း၏နေရာတွင် အရိုက်အရာဆက်ခံရန် ဖြစ်နိုင်ချေသူများအနက် မြန်မာနိုင်ငံမှ ချားလ်စ်မောင်ဘို ပါဝင်နေခြင်းဖြစ်သည်။ ချားလ်စ်မောင်ဘိုသည် အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး အာရှတိုက် ဘုန်းတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ ကာဒီနယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော ကာဒီနယ်ဖြစ်သည်။



