back

ပြည်တွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၄ဝ,ဝဝဝ ကျော် ယာယီ အမိုးအကာတွေ နဲ့ နေထိုင်နေရကာသောက်သုံးရေသန့် ရရှိဖို့ ခက်ခဲနေ

Apr 25 • 5:51 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၄ဝ,ဝဝဝ ကျော် ယာယီ အမိုးအကာတွေ နဲ့ နေထိုင်နေရကာသောက်သုံးရေသန့် ရရှိဖို့ ခက်ခဲနေ

မြန်မာမှာ ငလျင်လှုပ်ခတ်ခဲ့တာ တစ်လ ကြာမြင့်လာတဲ့အထိ လူပေါင်း ၄၀,၀၀၀ ကျော် ယာယီတဲတွေ နဲ့ တခြား ယာယီခိုလှုံနေရာတွေမှာ နေထိုင်နေကြရတယ်လို့ Save the Children အဖွဲ့က...

မြန်မာမှာ ငလျင်လှုပ်ခတ်ခဲ့တာ တစ်လ ကြာမြင့်လာတဲ့အထိ လူပေါင်း ၄၀,၀၀၀ ကျော် ယာယီတဲတွေ နဲ့ တခြား ယာယီခိုလှုံနေရာတွေမှာ နေထိုင်နေကြရတယ်လို့ Save the Children အဖွဲ့က ပြောကြားခဲ့ပါတယ်။နောက်ဆက်တွဲ ငလျင်တွေကြောင့်လည်း နေအိမ်တွေမှာ ပြန်လည်နေထိုင်ဖို့ နဲ့ နေအိမ်တွေ ပြင်ဆင်ဖို့ မဖြစ်နိုင်သေးကာအမျိုးသမီး နဲ့ ကလေးအပါအဝင် လူနှစ်သိန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၄၂,၀၀၀ ခန့်ဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်မရှိတဲ့အမိုးအကာတွေနဲ့ ဆေက်လုပ်ထားတဲ့ ယာယီခိုလှုံရာ နေရာ ၁၄၅ ခုမှာ နေထိုင်နေကြရကာလူအများစုဟာ ရေ နဲ့ ခြင်ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေး နဲ့ အရေပြားရောဂါတွေကို ထိန်းချုပ်နိုင်တဲ့ သောက်သုံးရေသန့် ရရှိဖို့ ခက်ခဲနေရပါတယ်။




news-view-count-icon

27