ပြင်သစ်လီဂူး-၁ ချန်ပီယံ PSG အသင်းဟာ လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိအောင်ကစားဖို့ ဆုံးဖြတ်ထားပေမယ့် အဓိကအာရုံစိုက်မှုက စံချိန်တွေထက် ဆုဖလား ၃ လုံးရယူနိုင်ဖို့လို့ နည်းပြအင်းနရစ်က ပြောခဲ့ပါတယ်။ အင်းနရစ်က “စံချိန်မှတ်တမ်းတွေက ကျနော်တို့အဓိက ရည်မှန်းထားတဲ့အရာမဟုတ်ဘဲ ဆုဖလားတွေကသာ အဓိကပါ။ နိုက်စ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုသွားမယ်လို့ တစ်စုံတစ်ဦးက အာမခံရင် ကျနော်ဒါကို ချက်ချင်းလက်မှတ်ထိုးသွားမှာပါ။ ဒါပေမယ့် ဒါကို ဘယ်သူကမှ အာမခံနိုင်မှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ရည်မှန်းချက်ကြီးမားတဲ့အသင်းဖြစ်ပြီး လိဂ်မှာရှုံးပွဲမရှိအောင်ကစားကာ စံချိန်တင်နိုင်မယ့် အနေအထားမှာရှိပါတယ်”လို့ ပြောခဲ့တာပါ။
Apr 25 • 5:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


