ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် ကမ္ဘာလုံးတစ်ဝန်း၌ဖြစ်ပွားနေသော ကုန်သွယ်ရေးပွတ်တိုက်မှုများရှိနေချိန်၌ ကုန်သွယ်ရေး ဆက်ဆံရေးကို တိုးမြှင့်ရန်သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယခုကတိကဝတ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်နှင့် အလည်အပတ်ရောက်ရှိနေသော ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့က ထပ်လောင်းကတိပြုခဲ့ကြခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "ဝန်ကြီးချုပ်နှစ်ဦးသည် လွန်ခဲ့သည့်နှစ်က ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်ရရှိခဲ့သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၌ သိသိသာသာတိုးတက်မှုကို ကျေနပ်အားရမိကြောင်းကိုလည်း မှတ်ချက်ပြုပြောကြားခဲ့ကြသည်" ဟုသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
| 30 | 0 | 0 | 0 |


