ဧပြီလ ၂၃ ရက်နေ့က တူရကီ ၌ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ရာ ထိတ်လန့်တုန်လှုပ်ပြီး အဆောက်အအုံ ပေါ်မှခုန်ချသည့်ဖြစ်ရပ်များကြောင့် လူ ၁၅၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးကသတင်းထုတ်ပြန်ခဲ့သည်။ ဒဏ်ရာရရှိသူများမှာ လက်ရှိတွင် ဆေးရုံ၌ဆေးကုသမှုခံယူနေရပြီး ၎င်းတို့၏အခြေအနေမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်းနှင့် ဧပြီလ ၂၃ ရက်ညနေ ၃ နာရီ ၃၀ မိနစ်အထိ လူသေဆုံးမှုမရှိကြောင်းလည်းအဆိုပါရုံးကသတင်းထုတ်ပြန်ထားပါတယ်။
| 25 | 0 | 0 | 0 |


