တောင်ကြီးမြို့ပေါ်တွင် တွဲကားများ ဖြတ်သန်းခွင့် မပြုတော့ဘဲ အသစ်ဖောက်ထားသည့် မြို့ရှောင်လမ်း အတိုင်းသာ မောင်းနှင်ရမည် ဖြစ်ကြောင်း ယာဉ်မောင်းသမားများထံမှ သိရပါတယ်။ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် ဧပြီ ၁၇ ရက်နေ့ကစပြီး ကုန်စည် တင်ဆောင်ထားသော တွဲကားများ မြို့ရှောင်လမ်းအတိုင်းသာ မောင်းနှင်ရမည် ဖြစ်ကာ ၊ တောင်ကြီးမြို့ကို ဖြတ်သန်း သွားလာခွင့် မပြုတော့ကြောင်း သိရပါတယ်။တောင်ကြီးမြို့ ရှောင်လမ်းသည် အန္တာရယ် အဆင်းအတက်များရှိနိုင်ကြောင်းကားဆရာများက သတိပေးထားပါတယ်။


