အနောက်နိုင်ငံများ၏ ရန်ပြုမှုကို ကြုံတွေ့ရလျှင် ရုရှားသည် နျူကလီးယားလက်နက်ကို သုံးပိုင်ခွင့်ရှိသည်ဟု မော်စကို၏ ထိပ်တန်းလုံခြုံရေးအရာရှိ ဆာဂီရှိုဂူက အင်တာဗျူးတွင် ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် တာ့စ်သတင်းဌာနက ဧပြီလ (၂၄)ရက် ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ မကြာခင်အချိန်၌ သဘောတူညီချက်ရရန် တိုးတက်မှုတစ်စုံတရာမရှိခဲ့လျှင် ဝါရှင်တန်သည် ယူကရိန်းငြိမ်းချမ်းရေးအတွက် စေ့စပ်ပေးရန် ကြိုးပမ်းနေခြင်းမှ စွန့်ခွာသွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့က သတိပေးခဲ့ပြီးနောက် ရှိုဂူ၏ ယခု ပြောဆိုချက် ထွက်လာခြင်းဖြစ်သည်။ 


