back

၂၀၂၈ အိုလံပစ် ဝင်ပြိုင်ရန် ဆိုင်မွန်ဘိုင်း မဆုံးဖြတ်ရသေး

Apr 24 • 5:10 PM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၈ အိုလံပစ် ဝင်ပြိုင်ရန် ဆိုင်မွန်ဘိုင်း မဆုံးဖြတ်ရသေး

အမေရိကန်နာမည်ကြီး ကျွမ်းဘားအားကစားမယ် ဆိုင်မွန်ဘိုင်းက ၂၀၂၈ လော့စ်အန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မဆုံးဖြတ်ရသေးဘူးလို့ ပြောကြားလိုက်ပါတယ...

အမေရိကန်နာမည်ကြီး ကျွမ်းဘားအားကစားမယ် ဆိုင်မွန်ဘိုင်းက ၂၀၂၈ လော့စ်အန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မဆုံးဖြတ်ရသေးဘူးလို့ ပြောကြားလိုက်ပါတယ်။ ကျွမ်းဘားအားကစားလောကရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဆိုင်မွန်ဘိုင်းဟာ ၂၀၂၄ ပဲရစ်အိုလံပစ်မှာ ရခဲ့တဲ့ ရွှေတံဆိပ် ၃ ခုအပါအဝင် အိုလံပစ်ရွှေတံဆိပ်ဆုကို ၇ ခုအထိ ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆိုင်မွန်ဘိုင်းဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကနေ ထွက်သွားခဲ့သလို ကာလ အတန်ကြာအနားယူနေခဲ့ပြီးနောက် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ကျွမ်းဘားပြိုင်ပွဲတွေကို ပြန်လည်ပါဝင်ယှဉ်ပြိုင် ခဲ့တာ ဖြစ်ပါတယ်။


news-view-count-icon

10