ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံလက်မှတ် OWIC ကြန့်ကြာမှုကြောင့် ပြည်ပက ခွင့်ပြန် အလုပ်သမားတွေ ပြန်လည် ထွက်ခွာခွင့်မရလို့ အချိန်မီ လုပ်ငန်းခွင် မဝင်ရောက်နိုင်တာကြောင့် အလုပ်သမား အချို အလုပ်လက်မဲ့ ဖြစ်သွားသလို လေယာဉ်လက်မှတ်အပါဝင် ငွေကြေး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြော ဆိုပါတယ်။ OWIC ကတ်ကို စာတိုက်က တစ်ဆင့် နေပြည်တော်၊ အလုပ်သမားဝန်ကြီးဌာန ရုံးချုပ်ကို ပေးပို့ရတာ ဖြစ်လို့ ခွင့်ပြုချက်တောင်းခံစာ သက်ဆိုင်ရာကို မရောက်မှာလည်း အလုပ်သမားတွေက စိုးရိမ်နေကြတာပါ။



