အာဆင်နယ်-ပဲလေ့စ်ပွဲ သရေရလဒ်ကြောင့် လီဗာပူးလ်အသင်းအနေဖြင့် လက်ကျန်ငါးပွဲတွင် တစ်မှတ်ရရုံဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးရယူနိုင်မည်ဖြစ်သည်။ ပဲလေ့စ်အသင်း၏ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကြောင့် ဧပြီ ၂၃ ရက်က ကြိုတင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ တွင် အာဆင်နယ်နှင့် ပဲလေ့စ်အသင်း (၂-၂) ဂိုးဖြင့် သရေကျခဲ့သည်။ သို့ဖြစ်ရာ အာဆင်နယ်အသင်းအနေဖြင့် လက်ကျန်လေးပွဲစလုံး အနိုင်ရလျှင်ပင် လီဗာပူးလ်အသင်း၏ လက်ရှိရမှတ် ၇၉ မှတ်ကိုသာ လိုက်မီနိုင်တော့မည်ဖြစ်ရာ ပရီးမီးယားလိဂ်ချန်ပီယံတိုက်ပွဲမှာ ရာနှုန်းပြည့်နီးပါး အဆုံးသတ်ရန် သေချာသွားပြီဖြစ်သည်။



