Apple ၏ ပစ္စည်းများကို တပ်ဆင်ထုတ်လုပ်ပေးသည့် အဓိက ကန်ထရိုက်တာ Foxconn သည် တရုတ်၊ အိန္ဒိယနှင့် ဘရာဇီးတို့တွင် အိုင်ဖုန်းများကို တပ်ဆင်ထုတ်လုပ်သည်။ ယခင်က နောက်ဆုံးပေါ် အိုင်ဖုန်းမော်ဒယ်ကို စတင်ရောင်းချပြီး လအတန်ကြာမှ ဘရာဇီးမှာ စတင်ထုတ်လုပ်သည်။ ယခုအခါ နောက်ဆုံးပေါ် အိုင်ဖုန်းမော်ဒယ် iPhone 16e ကို ဘရာဇီးတွင် တရုတ်၊ အိန္ဒိယတို့နှင့်အတူ တပြိုင်တည်း ထုတ်လုပ်သည်။ ဘရာဇီးတွင် ပြည်ပမှ တင်သွင်း ရောင်းချသော iPhone 16e သည် ရောင်းဈေး $890 ရှိသည်။ ဘရာဇီးတွင် ထုတ်လုပ်သော iPhone 16e သည် ရောင်းဈေး $670 ရှိသည်။ iPhone 16e သည် အမေရိကန်ဈေးကွက်တွင် အနိမ့်ဆုံး ဗားရှင်းကို $600 ဖြင့် ရောင်းချသည်။



