ဧပြီလ ၂၃ ရက် နံနက် ၉ နာရီအချိန်ခန့်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာ သံဖြူဇရပ်-ရေးလမ်းပိုင်းရှိ ရော်ဘာခြံတစ်ခြံအတွင်း ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သံဖြူဇရပ်မြို့နယ်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



