ပေါင်မြို့ မြို့မ သုသာန်မီးသင်္ဂြိုဟ်စက်သို့ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ မကြာခဏဖြုတ်ခိုးခံနေရသည့်အတွက် မီး သင်္ဂြိုဟ်စက် လည်ပတ်မှုရပ်ဆိုင်းသွားသဖြင့် နာရေးကိစ္စအား သုသာန်ပြောင်းကာ လုပ် ဆောင်နေရကြောင်း သုသာန်ကော်မတီထံ မှ သိရသည်။ပေါင်မြို့၊ မိုးနှိင်းရပ်ကွက်၊ စွယ်တော်အ ပိုင်းရှိ မြို့မ သုသာန်နှင့် မီးသင်္ဂြိုဟ်စက်တွင် တပ်ဆင်ထားသည့် လျှပ်စစ်မီးကြိုးများ ဖြတ် တောက်ခိုးယူခံထားရသည်ကို ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်ကမှ သိခဲ့ရကြောင်း သုသာန်ကော်မတီဝင်တစ်ဦး က ပြောကြားသည်။



