မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား အကူအညီပေးသည့် ငလျင်ဘေးဒဏ်သင့်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့သည် မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်၍ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်မှုတာဝန်များလုပ်ဆောင်ပြီး ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးအတွက် အရေးပါသော သိပ္ပံနည်းကျအထောက်အထားများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းထောက်က တရုတ်ငလျင်စီမံခန့်ခွဲရေးဌာန (CEA) မှ သိရှိရသည်။လက်ရှိတွင် ဘေးဒဏ်သင့်မှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့သည် ရန်ကုန်၊ ပဲခူး၊ နေပြည်တော် ဒေသသုံးခု၏ ဘေးဒဏ်သင့်မှုအခြေအနေအား စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်မှု တာဝန်များ ထမ်းဆောင်ပြီးဖြစ်ကာ အထက်ပါဒေသ၏ ငလျင်ပြင်းအားနှင့် အတိုင်းအတာကို အတည်ပြုခဲ့ပြီး ထိခိုက်ပျက်စီးသော အိမ်များအား အရေးပေါ်စီမံခြင်းနှင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းအတွက် အကြံပြုချက်များ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဘေးဒဏ်သင့်မှုအခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့သည် မန္တလေးသို့ သွားရောက်၍ စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။



