ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင်မကွေးတိုင်းရှိချောက်မြို့မှာ ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၈) နေရာ၌ အပူချိန် ၄၄ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်ဖြင့်ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ချောက်မြို့သည် ပြီးခဲ့သည့်(မတ် ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်) များတွင်လည်း ကမ္ဘာ့အပူချိန် အမြင့်ဆုံးစာရင်းနံပါတ်(၂) နေရာသို့သုံးရက်တိုင်ရောက်ရှိခဲ့ကြောင်း El Dorado Weather ၏ ထုတ်ပြန်ချက်အရ သိရသည်။နေ့အပူချိန်များမြင့်တက်လာသောကြောင့် နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင် အောက်တွင်သွားလာခြင်း၊ အလုပ်လုပ်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေ အပြင်သို့ထွက်ခွာလျှင် ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန် စသည့်အကာအကွယ်များတပ်ဆင်ခြင်းနှင့် လေဝင်လေထွက်ကောင်းပြီး အဖြူရောင် အဝတ်အထည်၊ ချည်ထည်များကိုသာဝတ်ဆင်သင့်ကြောင်း၊ အရက်သေစာသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ဖို့လိုအပ်ပြီး ရေ(သို) ဓာတ်ဆားရည်ကို သောက်သုံးပေးရန် ကျန်းမာရေးပညာရှင်များကအသိပေးနှိုးဆော်ထားသည်။



