နှစ်တွေကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ စေ့စပ်ညှိနှိုင်းသူတွေက အလားအလာများ ချင့်ချိန်စဉ်းစားနေကြတဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီတို့ ဧပြီလ(၂၃) ရက်ဗုဒ္ဓဟူးနေ့က ထပ်မံအချေအတင် ပြောကြားခဲ့ကြပါတယ်။ ဒီတစ်ကြိမ်ကတော့ ခရိုင်းမီးယားကိစ္စဖြစ်ပြီး ထရမ့်က ဒီကျွန်းကို ရုရှားနယ်မြေပိုင်လို့ သတ်မှတ်သင့်ကြောင်း ယူဆပြောဆိုလိုက်ကာ ဇယ်လန်စကီကတော့ ဒါကိုလက်ခံဖို့ ငြင်းဆိုလိုက်ပြီး ယူကရိန်းက ယင်းတို့ရဲ့ အဓိကအခြေခံမူများအတိုင်း ရပ်တည်သွားမယ်လို့ ထပ်မံပြောဆိုလိုက်ပါတယ်။



