back

မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိBright Kids မူကြိုကျောင်းဖြိုချရာတွင် သေဆုံးကလေးငယ်များရဲ့ လွယ်အိတ်များတွေ့ရှိခဲ့ရ

Apr 24 • 7:49 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိBright Kids မူကြိုကျောင်းဖြိုချရာတွင် သေဆုံးကလေးငယ်များရဲ့ လွယ်အိတ်များတွေ့ရှိခဲ့ရ

မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်သောငလျင်ကြောင့် Bright Kids မူကြိုကျောင်းမှ ကလေးငယ် ၂၅ ဦး ဆရာမ တစ်ဦးနှင့် ကျောင်းဝန်ထမ်းတစ်ဦး စုစုပေါင်း ၂၇ ဦးသေဆုံးပြီး အဆောက် အအုံပြ...

မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်သောငလျင်ကြောင့် Bright Kids မူကြိုကျောင်းမှ ကလေးငယ် ၂၅ ဦး ဆရာမ တစ်ဦးနှင့် ကျောင်းဝန်ထမ်းတစ်ဦး စုစုပေါင်း ၂၇ ဦးသေဆုံးပြီး အဆောက် အအုံပြိုကျပိတ်မိနေတဲ့ အောက်မှ ကလေးငယ်အချို့ကို ကယ်တင်နိုင်ခဲ့ကာယနေ့ ဧပြီ ၂၄ ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ Bright Kids မူကြိုကျောင်း ပြိုကျခဲ့ပြီး အဆောက် အအုံဖြိုချနေရာတွင် သေဆုံးကလေးငယ်များရဲ့ လွယ်အိတ်များရှာဖွေတွေ့ရှိခဲ့ရပါတယ်။တကောင်းရပ်ကွက်က Bright Kids ပုဂ္ဂလိကမူကြိုကျောင်း အပျက်အစီးတွေကြားထဲကနေ သေဆုံး ကလေးငယ် ၇ ဦးရဲ့ အသုံးအဆောင်တွေကို ရှင်းလင်းရေး လုပ်သူတွေက ပြန်လည်စုဆောင်း ကောက်ယူ ပေးနေကာအဆိုပါ ကလေးကျောပိုးအိတ်များကို အသက်သေဆုံးသွားသော မူကြိုကလေးငယ်များ၏ မိဘများက ပြန်လည်တောင်းခံထားတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပြီး ငလျင်လှုပ်ခတ်ချိန်သည် မူကြိုကျောင်းမှ ကလေးငယ်များ နေ့လယ်ပိုင်းအိပ်ချိန်ဖြစ်တဲ့အတွက် အသက်ဆုံးရှုံးမှုများရခြင်းဖြစ်တယ် လို့ ဒေသခံတွေကပြောပါတယ်။






news-view-count-icon

44