ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ်အကောင်ရေ ထောင်ပေါင်းများစွာကို ခိုးထုတ်ဖို့ ကြိုးပမ်းမှုနဲ့ နိုင်ရိုဘီ တရားရုံးမှာ နိုင်ငံခြားသား ၄ ယောက်ကို ဧပြီ ၂၃ ရက်က ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။သံသယရှိသူတွေက ဘယ်လ်ဂျီယံနိုင်ငံသား ၂ ယောက်၊ ဗီယက်နမ်တယောက်နဲ့ ကင်ညာတယောက်တို့ ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ မှောင်ခိုကူးမှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေထဲမှာ ဖော်ပြထားပါတယ်။အာဖရိကန် သီးနှံခူး ပုရွက်ဆိတ်ကြီးတွေလို့ သိကြသလို Giant African Harvester Ants လို့လည်းသိကြတဲ့ မက်ဆာ ဆက်ဖာလုပ်စ် ပုရွက်ဆိတ် မျိုးစိတ်တွေ အပါအဝင် သက်ရှိ ပုရွက်ဆိတ် ဘုရင်မတွေကို အာဏာပိုင်တွေက ကြားဖြတ် သိမ်းဆည်းခဲ့တယ်လို့ ကင်ညာ သားရိုင်းတိရစ္ဆာန်ဌာန (KWS) တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။



