ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရုပ်အလောင်းကို နောက်ဆုံး ဂါရဝပြုဖို့အတွက် စိန့်ပီတာ ဘုရားကျောင်းကို လူ ထောင်ပေါင်းများစွာ ရောက်ရှိလာပါတယ်။ လူအုပ်ကြီးဟာ ပူနွေးတဲ့ နွေဦး နေရောင်ခြည်အောက်မှာ ရောမမြို့ကိုဖြတ်ပြီး ဗာတီကန်ကိုသွားတဲ့ လမ်းမကြီးအတိုင်း လျှောက်လှမ်းကာ ပုပ်ရဟန်းမင်းကြီး ရုပ်အလောင်းကို ဂါရဝပြုဖို့အတွက် စီတန်းရောက်ရှိလာကြတာဖြစ်ပါတယ်။ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ပုပ်ဖရန်စစ်ရဲ့ ရုပ်ကလာပ်ကို ဗာတီကန်က စိန့်ပီတာ ဘုရားကျောင်းမှာ စျာပန အခမ်းအနား ကျင်းပမဲ့ ဧပြီ ၂၆ ရက်အထိ ထားရှိမှာ ဖြစ်ပါတယ်။ ရုပ်ကလာပ်ကို ဝတ်ရုံနီ ဆင်မြန်းပြီး သူ့ရဲ့ ခေါင်းမှာ ခေါင်းဆောင်းရှည် ဆောင်းပေးထားကာ လက်မှာ လက်ဝါးကပ်တိုင်ပုံပါတဲ့ စိပ်ပုတီး ထည့်ပေးထား ပါတယ်။



