ဂျပန်နိုင်ငံ၊ အိုကီနာဝါပြည်နယ်မှာ တပ်စွဲထားတဲ့ အမေရိကန် မရိန်းတပ်က တပ်သားနှစ်ဦးဟာ မုဒိမ်းမှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ ရဲတပ်ဖွဲ့ကကြာသပတေးနေ့ (ဧပြီ ၂၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုဟာ ဂျပန်နိုင်ငံမှာ တပ်စခန်းချရာမှာ အများအားဖြင့် ထိုင်ဝမ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ အပူပိုင်းဒေသ တောင်ပိုင်းကျွန်းဖြစ်တဲ့ အိုကီနာဝါမှာ အင်အား ၅၄,၀၀၀ လောက်ရှိတဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို တပ်စွဲထားပြီး ဒီဖြစ်ရပ်ဟာ ဒေသခံတွေရဲ့ဒေါသကို ဖြစ်ပွားစေခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့ အလားတူ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေထဲက နောက်ဆုံးဖြစ်စဉ်နှစ်ခု ဖြစ်ပါတယ်။



