မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်မှ အမျိုးသမီးများအတွက် နှစ်ပတ်ကြာ ပန်းရံသင်တန်းကို ပထမဆုံးအကြိမ်အဖြစ် အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိ၍ မူလတန်းအောင်မြင်သူများကိုသာ လက်ခံမည်ဖြစ်သည်။ သင်တန်းသူ ၅၀ ဦးအထိ စာရင်းလက်ခံထားပြီး နေရေးစားရေးအတွက်လည်း အသင်းချုပ်မှ တာဝန်ယူမည်ဖြစ်သည်။ ဧပြီ ၃၀ ရက်မှာ စာရင်းသွင်းခြင်းအတွက် နောက်ဆုံးထားရက်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု သိရသည်။



