လာမည့် မေလ ၁၂ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဝန်ဆောင်မှုအခွန် (PSC) တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး၊ ပြည်ပခရီးစဉ်အတွက် ၂၅ ဒေါ်လာ၊ ပြည်တွင်းအတွက် ကျပ် ၁၅,၀၀၀ သတ်မှတ်ထားသည်။ ယင်းအခွန်တိုးခြင်းသည် လေကြောင်းလိုင်းများ၏ လက်မှတ်ဈေးနှုန်းတွင် ထည့်သွင်းရောင်းချသည့်အတွက်ကြောင့် လေယာဉ်လက်မှတ်ဈေး မြင့်လာနိုင်ကြောင်း စိုးရိမ်နေကြသည်။ ထို့ပြင် လေဆိပ်၏ ဝန်ဆောင်မှုအရည်အသွေး မျှတမှုအပေါ် ဝေဖန်မှုများလည်း ပေါ်ပေါက်လာခဲ့သည်။



