မတ်လ ၂၈ ရက်နေ့က မန္တလေးတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်း ၆,၇၃၀ ချွတ်ယွင်းပျက်စီးခဲ့ပြီး၊ ဧပြီ ၂၂ ရက်အထိ စုစုပေါင်း ၆,၄၅၇ စခန်း ပြုပြင်ကောင်းမွန်သွားပြီးဖြစ်သည်။ MPT၊ Atom၊ Ooredoo နှင့် Mytel တို့မှ စုစုပေါင်း ၂၇၃ စခန်းသာ ပြုပြင်ရန်ကျန်ရှိသေးပြီး ဆက်လက်ပြုပြင်လျက်ရှိသည်။



