သရုပ်ဆောင် သွန်းဆက်က သားဦးရတနာလေးကို ကိုယ်ဝန်လွယ်ထားရတာဖြစ်ပြီး သားဦးကိုယ်ဝန်မှာ သားယောက်ကျားလေးရချင်တဲ့ သူမရဲ့ ဆန္ဒလေးက ပြည့်ဝသွားခဲ့ပြီဖြစ်ကာသူမလွယ်ထားရတဲ့ ကလေးလေးဟာ သားယောက်ကျားလေးဖြစ်တယ်ဆိုတာ သိလိုက်ရတာကြောင့် ဝမ်းသာပီတိဖြစ်နေတာပါ။ သွန်းဆက်ဟာ ဗိုက်ထဲက ကလေးလေး ကျန်းမာဖို့တရုတ်နဂါးအကကိုလည်း အိမ်မှာခေါ်ကခဲ့ပါသေးတယ်။ လက်ရှိမှာတော့ သူမရဲ့ကိုယ်ဝန်ကို ဘန်ကောက်က နာမည်ကြီး Bumrungrad ဆေးရုံက သားဖွားဆရာဝန်နဲ့ပြသနေတာလည်းဖြစ်ပါတယ်။
Apr 24 • 5:30 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


