back

ဘရာဇီးနှင့် ဗီယက်နမ်တို့တွင် ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကြောင့် ယမန်နှစ်တွင် ကော်ဖီ အထွက်နည်းခဲ့ရာမှ ကော်ဖီဈေးနှုန်းများ မြင့်တက်

Apr 24 • 3:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘရာဇီးနှင့် ဗီယက်နမ်တို့တွင် ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကြောင့် ယမန်နှစ်တွင် ကော်ဖီ အထွက်နည်းခဲ့ရာမှ ကော်ဖီဈေးနှုန်းများ မြင့်တက်

ကမ္ဘာ့ ထိပ်တန်း ကော်ဖီထုတ်လုပ်သည့် နိုင်ငံ ၂ ခုဖြစ်သည့် ဘရာဇီးနှင့် ဗီယက်နမ်တို့တွင် ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကြောင့် ယမန်နှစ်တွင် ကော်ဖီ အထွက်နည်းခဲ့ရာမှ ကော်ဖီ...

ကမ္ဘာ့ ထိပ်တန်း ကော်ဖီထုတ်လုပ်သည့် နိုင်ငံ ၂ ခုဖြစ်သည့် ဘရာဇီးနှင့် ဗီယက်နမ်တို့တွင် ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကြောင့် ယမန်နှစ်တွင် ကော်ဖီ အထွက်နည်းခဲ့ရာမှ ကော်ဖီဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ကမ္ဘာ့လက်ကျန် ပမာဏသည် ၂၅ နှစ်တာတွင် အနည်းဆုံး ဖြစ်သွားခဲ့သည်။ ကော်ဖီကို လိုသလောက် ဝယ်မရ ဖြစ်နေစေသည်။ ဈေးမြင့်တက်သဖြင့် ကော်ဖီကုန်ချော လုပ်ကိုင်သူများနှင့် ကော်ဖီ သောက်သုံးသူများ ကုန်ကျစရိတ် မြင့်တက်သည်။ အခြားတဖက်၌ ကော်ဖီစိုက်သူများ စီးပွားအတက်မြန်သည်။


news-view-count-icon

18