စားအုန်းဆီဈေးနှုန်းသည် ပဲပုပ်ဆီ ဈေးနှုန်းထက် မြင့်နေသဖြင့် အိန္ဒိယမှ ကုန်သည်များနှင့် လုပ်ငန်းရှင်များသည် စားအုန်းဆီ တင်သွင်းမှု လျှော့ချထားကြသည်မှာ ၅ လ ကြာပြီးချိန်တွင် စားအုန်းဆီဈေးနှုန်းသည် ပဲပုပ်ဆီ ဈေးနှုန်းထက် သက်သာလာသဖြင့် စားအုန်းဆီ တင်သွင်းမှု ကိုပြန်လည်တိုးမြှင့်လိုက်ကြသည်။ ဆီသန့်စက်ရုံများသည် စားအုန်းဆီကြမ်း လက်ကျန်သိုလှောင်မှု ကုန်ခန်းနေသည်ကို ပြန်လည်ဖြည့်တင်းရန် စားအုန်းဆီကြမ်း တင်သွင်းကြသည်။ အိန္ဒိယမှ အဝယ်လိုက်လာသဖြင့် ၂၀၂၅ တွင် ၁၀%နီးပါး ကျဆင်းထားသော မလေးရှား စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးနှုန်း ခိုင်မာလာသည်။ အိန္ဒိယသည် မေလတွင် တန် ၅ သိန်းအထက် တင်သွင်းမည်ဟု မျှော်လင့်ရသည်။



