မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီခွဲ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ၃၂၃ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ လာမည့် ၇ ရက်အတွင်း လက်ရှိရေမှတ်အထက် ၁ ပေခွဲခန့် မြင့်တက်ကာ မန္တလေးမြို့၏ ရေနည်းသတိပေးမှတ်ဖြစ်သော ၃၆၀ စင်တီမီတာအထက်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ ထို့အတူ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ၈၆ စင်တီမီတာသို့ ရောက်ရှိနေပြီး လာမည့် ၇ ရက်အတွင်း ပေဝက်ခန့် မြင့်တက်နိုင်သော်လည်း မုံရွာမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာအောက်တွင်သာ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။



