မန်ယူနိုက်တက်အသင်းသည် ဂါလာတာစာရေးအသင်းတွင် အငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်အား လာမည့်နွေရာသီတွင် ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထွက်နေသည်။ အသက် (၂၆) နှစ်အရွယ် နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်သည် လက်ရှိတွင် ဂါလာတာစာရေးအသင်း၌ တစ်ရာသီအငှားဖြင့် ကစားနေပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ အီတလီပြင်ပကလပ်အသင်းများအတွက် ပေါင် (၆၃) သန်းဖြစ်ကြောင်း သိရသည်။ သို့သော် မန်ယူနိုက်တက်အသင်းအနေဖြင့် အိုဆင်မန်အတွက် စာချုပ်လျော်ကြေး ပေါင် (၆၃) သန်းကို ပေးချေလိုခြင်းမရှိကြောင်း သိရသည်။



