စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးဘိုးဘွားများအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာ ရေးဌာန၌ အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။ထိုအပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ် ဆေးများထိုးနှံပေးခြင်း၊ မွေးစမှ နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်း များဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။



