ရန်ကုန်ရှိ အသွားအလာစည်ကားသော လမ်းမများနှင့် ရပ်ကွက်များအတွင်းရှိ လမ်းမများတွင် ယခင်က ဆိုင်ဖွင့်ရန်နေရာ ငှားလို့မရအောင် ရှိခဲ့ရာမှာ ယခုအခါ ဆိုင်ခန်းခများခြင်း၊အရောင်းအဝယ်မကောင်းခြင်းများကြောင့် ဆိုင်ပိတ်သူများလာသဖြင့် ဆိုင်ခန်းလွတ်များ ယခင်ထင် များလာကြောင်း သိရသည်။ရန်ကုန်တွင် နေရာတစ်နေရာစာ ရပါက လုပ်စားကိုင်စားလို့ရသည်ဟု အဆိုရှိသော်လည်း နေရာကောင်းလျှင် ကောင်းသလို ဆိုင်ခန်းလခကို တစ်လ တစ်သိန်းမှ ကျပ်သိန်းနှစ်ဆယ်အထိ နှစ်ချုပ်ယူတတ်ကြသဖြင့် ဆိုင်ဖွင့်သူများမှာ ဆိုင်ခန်းလခမှီအောင် ရုန်းကန်ရောင်းချရသည်။ ယခုအခါ စားဝတ်နေရေးကျပ်တည်းမှုနှင့် အသုံးစရိတ်များလျော့ချလာမှုကြောင့် သုံးစွဲမှုလျော့ကျလာရာ ယခင်ကထက် စျေးရောင်းစျေးဝယ်မကောင်းလာကြောင်းသိရသည်။



