တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို ဧပြီလ ၂၂ ရက် အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး ဗီဒီယိုထုတ်လုပ်သည့် မိုဒယ်များကို ယှဉ်ပြိုင်မှုတွင် ပိုမိုပြင်းထန်လာသော အချိန်တွင် “ကမ္ဘာ့စွမ်းအားအကြီးဆုံး” ဟု ကြွေးကြော်ခဲ့သည်။ ယခုအချိန်တွင် Kling သည် ဗီဒီယိုကလစ်ပေါင်း (၁၆၈) သန်းနှင့် ရုပ်ပုံပေါင်း (၃၄၄) သန်းကို ဖန်တီးထားပြီး ကမ္ဘာတစ်ဝန်းတွင် သုံးစွဲသူ (၂၂) သန်းကျော်ရှိကြောင်း ဂိုင်က ပြောကြားထားသည်။



